ဂျွန်ညီလေးဘလော့ဂ်ကိုလာရောက်ဖတ်ရှုသွားကြတဲ့  စာဖတ်ပရိသတ်များ အားလုံးကျန်းမာရွှင်လန်းနိုင်ကြပါစေ။

Tuesday, January 12, 2010

ကမ္ဘာကျော်ပန်းချီကားထဲမှ မိုနာလီဇာသည် ကိုလက်စထရောများနေသည်ဟုဆို

ကမ္ဘာကျော် မိုနာလီဇာပန်းချီကားထဲမှ မိုနာလီဆာ၏ ပဟေဋိဆန်သောအပြုံးက ကိုလက်စရောပမာဏမြင့်မားမှုကြောင့်ဖြစ်နိုင်သည်ဟု ဆန်းစစ်တွေ့ ရှိချက်တစ်ခုကဆိုပါသည်။အနုပညာချစ်သူများအတွက် သူမ၏ ပဟေဋိဆန်သည့်အပြုံးကတွေဝေမင်သက်စေမည်ဖြစ်သော်လည်းသူမ၏အပြုံးသည် သူမမျက်လုံးတစ်ဝိုက် Fatty acid များစုဝေးမှုကြောင့်ဖြစ်ပြီး စိုးရိမ်စရာကောင်းသည့် ကိုလက်စ်ထရောပမာဏဖြစ်သည်ဟု အီတလီဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူပညာရှင်တစ်ဦးကပြောကြားသည်။
ပါလာမိုတက္ကသိုလ်ရောဂါဗေဒဌာနမှ ပါမောက္ခတိုဖရန်ကိုသည် ကမ္ဘာကျော်ပန်းချီကားလက်ရာများထဲမှ လူများ၏ရုပ်ပုံ
များကိုကြည့်ကာရောဂါအမျိုးအစားကိုရှာဖွေဖော်ထုတ်နေသူတစ်ဦးဖြစ်သည်။အချို့ သောဇာတ်ကောင်များတွင်အရိုးများပုံပျက်ယွင်းခြင်းနှင့်ကျောက်ကပ်
ကျောက်တည်ခြင်းအပါအ၀င်မြင်သာသည့် ရောဂါလက္ခဏာများရှိကြောင်းယင်းကပြောကြားသည်။မိုနာလီဇာ၏လက်ဝဲဘက်မျက်လုံးရှိအရေပြားအောက်
တွင် ကိုလက်စ်ထရောများစုဝေးနေသည့်လက္ခဏာကို တွေ့ ရသည့်အပြင်လက်တစ်ဖက်တွင်လည်း အဆီအိတစ်ခုတွေ့ ရကြောင်း ယင်းကပြောကြားသည်။ယင်း၏ခွဲခြမ်းစိတ်ဖြာမှု ၁၀၀ အနက်ရှေးဂရိယဉ်ကျေးမှုကိုပြန်လည်ဖော်ထုတ်သည့်ထင်ရှားသော အနုပညာလက်ရာ ၂ခုတွင် ရှားပါးသည့် Marfan syndrome ရောဂါလက္ခဏာကိုတွေ့ ရကြောင်းဖော်ထုတ်သိရှိခဲ့သည်။ထိုရောဂါလက္ခဏာမျိုးသည် အိုစမာဘင်လာဒင်မှာလည်း ဖြစ်ပွားဖွယ်ရှိသည်ဟုဆိုသည်။ထိုပန်းချီကားထဲရှိဇာတ်ကောင် ၂ဦးစလုံးတွင် ထူးဆန်းစွာရှည်လျားသည့် လက်ချောင်းများနှင့်သေးသွယ်သည့်လက်
ချောင်းများရှိပြီးယင်းသည် မျိုးဗီဇမူမမှန်သည့် Marfan Syndrome ဖြစ်ကာ ဆက်စပ်တစ်သျှူးများကို ထိခိုက်စေနိုင်သည်ဟုသိရသည်။

Velazque ၏လက်ရာကောင်းဖြစ်သည့် Las meninas ပန်းချီကားမှ ဇာတ်ကောင်သည်လည်း လည်ပင်းကြီးရောဂါ
ခံစားခဲ့ရဖွယ်ရှိကြောင်း ပါမောက္ခဗီတိုဖရန်ကို၏ လေ့လာချက်အရသိရသည်၏ Raphel ၏ The Sehool of Athens ပန်းချီကားထဲတွင် မိုက်ကယ်အိန်
ဂျလိုကိုအနီးကပ်မြင်ကွင်းဖြင့်ရေးဆွဲထားရာထိုဇာတ်ကောင်သည် ကျောက်ကပ်ကျောက်တည်မှုကြောင့် ဒူးခေါင်းရောင်နေပုံရကြောင်း ၊ယင်းမှာ မိုက်
ကယ်အိန်ဂျလိုသည် Sistine ဘုရားကျောင်းကိုဆေးချယ်နေစဉ်ပေါင်မုန်နှင့်ဝိုင်ကိုသာစားသုံးကာအလုပ်လုပ်ခဲ့သည့်ရလဒ်ကြောင့်ကျောက်ကပ်ကျောက်
တည်ခြင်းဖြစ်ကြောင်း မစ္စတာဖရန်ကိုကပြောကြားသည်။

အနုပညာရှင်များ အနုပညာဖန်တီးသည့်ရှုဒေါင့်မှမဟုတ်ဘဲ ယင်းရှုဒေါင့်နှင့်ဆန့် ကျင်ကာ သချာင်္ပညာရှင်ကဲ့သို့ ခွဲ
ခြမ်းစိတ်ဖြာကာ ပန်းချီကားများကို မိမိရှုမြင်ခြင်းဖြစ်ကြောင်း မစ္စတာဖရန်ကိုကပြောကြားသည်။

Ref : CNN NEWS

No comments:

Post a Comment